ယေဟောဝါသက်သေတွေ သမိုင်းမှတ်တိုင်ထူ
ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် လိုင်မဲန် စွင်ဂယ်က ၁၉၈၇ ခုနှစ်မှာ ဗင်နီဇွဲလားနိုင်ငံ၊ ဗလန်စီယာမြို့ ပလာဇာ မိုနူမန်တယ်ကွင်းမှာ စုဝေးသူ ၆၃,၅၈၀ ကို ဟောပြောချက် ပေးခဲ့တယ်။ ဟောပြောချက်ကို နားထောင်ဖို့ အများစုက တစ်ညလုံး ဘတ်စကား စီးပြီး လာခဲ့ကြတာ။ လူအုပ်စုကြီးကို ညီအစ်ကို စွင်ဂယ်က “ဌာနခွဲလေး မဟုတ်တော့ဘူး။ ဌာနခွဲ အလတ်စား ဖြစ်နေပြီ။ ကြည့်ရတာ သိပ်မကြာခင် ‘ကြေညာသူ ၁၀၀,၀၀၀’ ပြည့်တော့မယ်” လို့ပြောခဲ့တယ်။
၁၉၈၇ ခုနှစ်တုန်းက ဗင်နီဇွဲလားမှာ ဘုရားနိုင်ငံတော် သတင်းကောင်းကို တက်တက်ကြွကြွ ကြွေးကြော်သူ ၃၈,၀၀၀ ကျော် ရှိတယ်။ အဲဒီတုန်းက ကြေညာသူ ၁၀၀,၀၀၀ ကျော်တဲ့ နိုင်ငံ ရှစ်နိုင်ငံပဲ ရှိတယ်။
ယေဟောဝါသက်သေများရဲ့ ကမ္ဘာတစ်ဝန်း တိုးတက်မှုက စွဲမှတ်စရာကောင်းတယ်။ ပထမကမ္ဘာစစ်ပြီးတော့ ယေဟောဝါနိုင်ငံတော်အကြောင်း ကြေညာသူ သောင်းဂဏန်းလောက်ပဲ ရှိသေးတယ်။ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ယေဟောဝါသက်သေများရဲ့ ၁၉၄၃ နှစ်ချုပ်စာအုပ်မှာ ဒီလိုဖော်ပြထားတယ်– “အဆက်အသွယ် မရလို့ မစုံပေမဲ့ ၁၉၄၂ ခုနှစ် မှတ်တမ်း ချုပ်လိုက်တဲ့အခါ ကောင်းချီးတစ်ခု တွေ့ရတယ် . . .။ အခု ကမ္ဘာတစ်ဝန်း [သတင်းကောင်း ဟောပြောခြင်း] လုပ်ငန်းမှာ ပါဝင်မှတ်တမ်းသွင်းနေတဲ့ ကြေညာသူ ၁၀၆,၀၀၀ ယောက် ရှိနေပြီ။” ဒုတိယ ကမ္ဘာစစ်အတွင်းမှာတောင် ကျမ်းစာအမှန်တရားကို လူများစွာ လက်ခံတုံ့ပြန်ခဲ့ကြတယ်။ ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းပဲ ကြေညာသူ ၁၀၀,၀၀၀ ကျော်တဲ့ နိုင်ငံ ဖြစ်တယ်။
ဒုတိယလိုက်တဲ့ နိုင်ငံက နိုင်ဂျီးရီးယား ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ကြေညာသူ ၁၀၀,၀၀၀ ကျော်သွားတယ်။
နောက်နှစ်မှာ ဘရာဇီးနဲ့ ဂျာမနီလည်း ကြေညာသူ ၁၀၀,၀၀၀ ကျော်သွားတယ်။ တိုက်ကြီးလေးတိုက်မှာ ဒီလိုတိုးတက်မှုက ကျမ်းစာအမှန်တရားကို တစ်ကမ္ဘာလုံး နှစ်သက်လက်ခံကြကြောင်း သက်သေထူတယ်။
ကမ္ဘာတစ်ဝန်းမှာ သတင်းကောင်းကို လက်ခံသူ အရေအတွက် ဆက်တိုးတက်လာတယ်။ ကျမ်းစာပါ ဒီကြိုဟောချက်အတိုင်း ဖြစ်ခဲ့တယ်– “လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။ အချိန်တန်တဲ့အခါ ဒီလိုဖြစ်လာအောင် ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်။”—ဟေရှာယ ၆၀:၂၂။
၂၀၁၄ လုပ်ငန်းတော်နှစ် မှတ်တမ်းအရ ယေဟောဝါသက်သေ ၁၀၀,၀၀၀ ကျော်တဲ့နိုင်ငံ ၂၄ နိုင်ငံ ရှိတယ်။ အဲဒီထဲမှာ ဗင်နီဇွဲလားလည်း ပါပြီး ၂၀၀၇ ခုနှစ်မှာ သမိုင်းမှတ်တိုင် ထူခဲ့တာပါ။ ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ အသင်းတော်ပေါင်း ၁၁၅,၄၁၆ ခုရှိပြီး ကြေညာသူ ၈,၂၀၁,၅၄၅ ယောက် ရှိတယ်။
တိုက် |
နိုင်ငံ |
ကြေညာသူ |
---|---|---|
အာဖရိက |
အင်ဂိုလာ |
၁၀၈,၆၀၇ |
ကွန်ဂို ပြည်သူ့သမ္မတနိုင်ငံ |
၂၁၆,၀၂၄ |
|
ဂါနာ |
၁၂၅,၄၄၃ |
|
နိုင်ဂျီးရီးယား |
၃၆၂,၄၆၂ |
|
ဇမ်ဘီယာ |
၁၇၈,၄၈၁ |
|
အာရှ |
ဂျပန် |
၂၁၅,၇၀၃ |
ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ |
၁၀၀,၆၄၁ |
|
ဖိလစ်ပိုင် |
၁၉၆,၂၄၉ |
|
ဥရောပ |
ဗြိတိန် |
၁၃၈,၅၁၅ |
ပြင်သစ် |
၁၂၇,၉၆၁ |
|
ဂျာမနီ |
၁၆၆,၂၆၂ |
|
အီတလီ |
၂၅၁,၆၅၀ |
|
ပိုလန် |
၁၂၃,၁၇၇ |
|
ရုရှား |
၁၇၁,၂၆၈ |
|
စပိန် |
၁၁၂,၄၉၃ |
|
ယူကရိန်း |
၁၅၀,၉၀၆ |
|
မြောက်အမေရိက |
ကနေဒါ |
၁၁၆,၃၁၂ |
မက္ကဆီကို |
၈၂၉,၅၂၃ |
|
အမေရိကန် ပြည်ထောင်စု |
၁,၂၄၃,၃၈၇ |
|
တောင်အမေရိက |
အာဂျင်တီးနား |
၁၅၀,၁၇၁ |
ဘရာဇီး |
၇၉၄,၇၆၆ |
|
ကိုလံဘီယာ |
၁၆၆,၀၄၉ |
|
ပီရူး |
၁၂၃,၂၅၁ |
|
ဗင်နီဇွဲလား |
၁၄၀,၂၂၆ |