မာတိကာဆီ ကျော်သွား

၂၀၂၄၊ ဇူလိုင် ၅ ရက်မှာ မက္ကဆီကိုနိုင်ငံ၊ ယူကတန်ကျွန်းဆွယ်ကို ဖြတ်နေတဲ့ ဘယ်ရလ်မုန်တိုင်းကို ဂြိုဟ်တုမှ မြင်ရပုံ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ဘယ်ရလ် ဟာရီကိန်းမုန်တိုင်းကြောင့် သန်းနဲ့ချီတဲ့လူတွေ ထိခိုက်

ဘယ်ရလ် ဟာရီကိန်းမုန်တိုင်းကြောင့် သန်းနဲ့ချီတဲ့လူတွေ ထိခိုက်

၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ ပြင်းအား အဆင့် ၃ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဘယ်ရလ်ဟာ မာတီနစ်ကျွန်းတောင်ဘက် အနောက်အင်ဒီးစ်ကိုဖြတ်ကျော် တိုက်ခိုက်တယ်။ နောက်နေ့ရောက်တော့ မုန်တိုင်းဟာ ပြင်းအား အဆင့် ၄ ဖြစ်လာပြီး ဘာဘေးဒိုးစ်၊ ဂရီနေဒါ၊ စိန့်ဗင်းစင့်နှင့် ဂရီနာဒင်းစ်ကျွန်းတွေကို ဝင်ရောက်တိုက်ခိုက်တယ်။ နောက်နေ့ရောက်တော့ ပြင်အား အဆင့် ၅ ဖြစ်လာပြီး ဗင်နီဇွဲလားကို ဝင်ရောက်လာတယ်။ ပြီးတဲ့နောက် ဂျမေကာ တောင်ဘက် ကမ်းခြေကို ရောက်လာတယ်။ ဇူလိုင် ၅ ရက်မှာ အင်အားပြင်းမုန်တိုင်းအဖြစ် မက္ကဆီကိုနိုင်ငံ၊ ယူကတန်ကျွန်းဆွယ်ကို ဖြတ်ကျော်ပြီး အမေရိကန်တောင်ပိုင်းအထိ တိုက်ခတ်ခဲ့တယ်။

မုန်တိုင်းဟာ တစ်နာရီကို ၁၆၈ မိုင်နှုန်းနဲ့ တိုက်ခတ်ပြီး မိုးသည်းထန်တဲ့အတွက် မုန်တိုင်းလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အအုံတွေ ပျက်စီးသွားတယ်။ သန်းနဲ့ချီတဲ့ သူတွေဟာ လျှပ်စစ်မီး၊ ရေနဲ့ တခြားအသုံးအဆောင်တွေ ပြတ်တောက်ကုန်တယ်။ သတင်းတွေအရ အယောက် ၃၀ ထက်မနည်း သေဆုံးသွားတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

မာတီနစ် (အနောက်အင်ဒီးစ်)

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမရှိ

  • ကြေညာသူ ၆ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်း

  • အိမ် ၁ လုံး လုံးဝပျက်စီး

  • အိမ် ၁ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်၊ ပျက်စီးခြင်း မရှိ

မုန်တိုင်းကြောင့် ပျက်စီးနေတဲ့ အစည်းအဝေး ခန်းမတစ်လုံး

ဘာဘေးဒိုးစ်၊ ဂရီနေဒါ၊ စိန့်ဗင်းစင့်နှင့် ဂရီနာဒင်းစ်ကျွန်း

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၇ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၆၇ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်း

  • အိမ် ၃၉ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၃၁ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁ လုံး လုံးဝ ပျက်စီး

  • အစည်းအဝေး ခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၄ လုံး အနည်းငယ် ပျက်စီး

ဗင်နီဇွဲလား

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမရှိ

  • ကြေညာသူ အယောက် ၃၀ ဘေးလွတ်ရာကိုရွှေ့ပြောင်း

  • အိမ် ၁၂ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၉ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

ဂျမေကာ

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမရှိ

  • ကြေညာသူ ၁၈ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်း

  • အိမ် ၂၄ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၇၅ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁၉ လုံး အနည်းငယ် ပျက်စီး

မက္ကဆီကို

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းမရှိ

  • ကြေညာသူ ၃၂၀ ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့၊ အခု နေရပ်ကို ပြန်ကြပြီ

  • အိမ် ၁၁ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်၊ ပျက်စီးခြင်း မရှိ

အမေရိကန်ပြည်ထောင်စု

  • ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၆ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၂၄၂ ယောက် ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရ

  • အိမ် ၄ လုံး လုံးဝ ပျက်စီး

  • အိမ် ၃၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၄၇၁ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်၊ ပျက်စီးခြင်း မရှိ

ကယ်ဆယ်ရေးလုပ်ငန်း

တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေဟာ ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ခြောက်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

ဒီခက်ခဲချိန်အတွင်း ယေဟောဝါကို ယုံကြည်ကိုးစားသူအားလုံးကို ဘုရား ဆက်နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄