မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရာမာပိုမြို့ ဘုတ်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ကမ္ဘာ့ဌာနချုပ် ရာမာပို စီမံကိန်း

ရာမာပိုမြို့ဘုတ်အဖွဲ့က အထူးခွင့်ပြုမိန့် ချပေး

ရာမာပိုမြို့ဘုတ်အဖွဲ့က အထူးခွင့်ပြုမိန့် ချပေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ရာမာပိုမြို့ဘုတ်အဖွဲ့က ရာမာပိုဆောက်လုပ်ရေး စီမံကိန်းအတွက် အထူးခွင့်ပြုမိန့် ချပေးလိုက်ပါပြီ။ a အဲဒီခွင့်ပြုမိန့်ကြောင့် ရုံးခန်း၊ လူနေဆောင်နဲ့ စတူဒီယိုတွေ ဆောက်လုပ်ဖို့ မြေအသုံးပြုခွင့်၊ ဆောက်လုပ်မယ့်နေရာက သစ်ပင်တွေကို ဖယ်ရှားခွင့် ရသွားပါပြီ။ ဆောက်လုပ်ရေးရဲ့ နောက်တစ်ဆင့်အတွက် မြို့စီမံကိန်းအဖွဲ့က ခွင့်ပြုမိန့် ထပ်မပေးသေးခင် လုပ်စရာရှိတာတွေ လုပ်ထားနိုင်ပြီဖြစ်လို့ စီမံကိန်း နှောင့်နှေးကြန့်ကြာမှု မရှိတော့ဘူး။

ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဝင် ညီအစ်ကို ဒေးဗစ် ဆိုတို အခုလို ပြောပြတယ်– “ခွင့်ပြုချက်ရလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ ဆောက်လုပ်ရေးမစခင် ပြီးစီးရမယ့် အဆင့်တချို့ ကျန်နေသေးပေမဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို ယေဟောဝါဘုရား ဆက်ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်တယ်။”

ရာမာပို ဆောက်လုပ်ရေး စီမံကိန်းရဲ့ အချိန်ပြဇယား

  1. အောက်တိုဘာ ၅၊ ၂၀၁၉

    နယူးယောက်ပြည်နယ်၊ ရာမာပိုမြို့မှာ ဗီဒီယိုထုတ်လုပ်ရေးအတွက် အဆောက်အအုံအသစ် ဆောက်လုပ်မယ့်အကြောင်း အုပ်ချုပ်ရေးအဖွဲ့ ကြေညာတယ်။

  2. ဇွန် ၂၆၊ ၂၀၂၀

    ရာမာပိုမြို့ ဘုတ်အဖွဲ့ဆီ ခွင့်ပြုမိန့် တင်တယ်။

  3. ဇူလိုင် ၈၊ ၂၀၂၀

    ရာမာပိုမြို့ ဘုတ်အဖွဲ့နဲ့ ဦးဆုံးအကြိမ် အစည်းအဝေးလုပ်တယ်။

  4. မတ် ၃၁၊ ၂၀၂၁

    ဆောက်လုပ်ရေးကြောင့် သဘာဝပတ်ဝန်းကျင် ဘယ်လိုထိခိုက်နိုင်တယ် ဆိုတဲ့အကြောင်း ရှင်းပြတဲ့ စာရွက်စာတမ်းကို တင်တယ်။

  5. မတ် ၈၊ ၂၀၂၂

    တက်ဆီဒို မြို့စီမံချက် ဘုတ်အဖွဲ့က ရာမာပို မြေနေရာကို သွားမယ့် ဝင်ပေါက်လမ်းကို ပြုပြင်ချဲ့ထွင်ဖို့ ခွင့်ပြုတယ်။

  6. မတ် ၁၂၊ ၂၀၂၂

    ဆောက်လုပ်ရေးကြောင့် သဘာဝပတ်ဝန်းကျင် ဘယ်လိုထိခိုက်နိုင်တယ် ဆိုတဲ့အကြောင်း ရှင်းပြထားတဲ့ စာရွက်စာတမ်း နောက်ဆုံးအကြိမ် တင်သွင်းတာကို လက်ခံတယ်။

  7. နိုဝင်ဘာ ၉၊ ၂၀၂၂

    ရာမာပိုမြို့ ဘုတ်အဖွဲ့က ဥပဒေသစ်ကို ခွင့်ပြုပေးလိုက်လို့ အဆောက်အအုံကို လူနေခန်းအတွက်ကော ရုံးခန်းအတွက်ပါ အသုံးပြုခွင့် ရသွားတယ်။

  8. ဒီဇင်ဘာ ၂၈၊ ၂၀၂၂

    ရာမာပိုမြို့ ဘုတ်အဖွဲ့က ဆောက်လုပ်ရေးအတွက် မြေအသုံးပြုခွင့်၊ ဆောက်လုပ်မယ့်နေရာက သစ်ပင်တွေကို ဖယ်ရှားခွင့်ပေးတယ်။

  9. လျှောက်ထားဆဲ

    ဆောက်လုပ်ရေးတစ်ခုလုံး စဖို့ ခွင့်ပြုမိန့်

a ၂၀၂၂၊ နိုဝင်ဘာ ၉ ရက်မှာ ချပေးခဲ့တဲ့ ရာမာပိုမြို့ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့် အထူးခွင့်ပြုမိန့်ကိုကော ဆောက်လုပ်ရေးစတင်ဖို့ ခွင့်ပြုမိန့်ကိုပါ တစ်ပြိုင်နက် တင်ဖို့ လမ်းစပွင့်သွားတယ်။