မာတိကာဆီ ကျော်သွား

ဇွန် ၂၅၊ ၂၀၁၉
ဂျာမနီ

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇွန် ၁၄-၁၆၊ ၂၀၁၉

  • နေရာ– ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၊ အိုလံပစ် အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်၊ ဂျာမန်၊ ရုရှား

  • အများဆုံး တက်ရောက်သူ– ၃၇,၁၁၅

  • နှစ်ခြင်းခံသူ အရေအတွက်– ၂၅၅

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ အီကွေဒေါ၊ ဖင်လန်၊ ဂရိ၊ ပိုလန်၊ စကင်ဒီနေးဗီးယား၊ ဆလိုဗေးနီးယား၊ အမေရိကန်

  • တွေ့ကြုံမှုများ– အစည်းအဝေး မတိုင်ခင်နဲ့ ပြီးနောက် အစီအစဉ်တွေမှာ ဘာလင်မြို့က နာမည်ကျော် ပါဂမံပြတိုက်ကို ကိုယ်စားလှယ်တွေ လည်ပတ်တဲ့ အစီအစဉ် ပါဝင်တယ်။ ပြတိုက်ကို ညီအစ်ကို/မတွေ လည်ပတ်တာကို မြင်တွေ့ခဲ့ရတဲ့ အစောင့်တစ်ယောက် ဒီလိုပြောတယ်– “လူ အတော်များများမှာ ယုံကြည်ခြင်းမရှိလို့ မျှော်လင့်ချက် မဲ့နေကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့မှာတော့ ယုံကြည်ခြင်းနဲ့ မေတ္တာ ရှိတာကို အထင်အရှား မြင်တွေ့ရတယ်။” အစောင့် နောက်တစ်ယောက်က “ခင်ဗျားတို့လို ဧည့်သည်တွေနဲ့ဆို အချိန် ကုန်မြန်တယ်။ အချိန်ပိုဆင်းရတာလည်း ပျော်တယ်” လို့ ပြောခဲ့တယ်။

 

ဒေသခံညီအစ်ကို/မတွေ လေဆိပ်မှာ ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်

အစည်းအဝေးကျင်းပတဲ့ အားကစားဝင်းထဲမှာ ညီအစ်ကို/မတွေ ပေါင်းသင်းနေကြစဉ်

ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူအယ်လ် ဟာ့ဒ် စနေနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်

အင်္ဂလိပ်အစီအစဉ် တက်နေတဲ့ ကိုယ်စားလှယ်တွေ မှတ်စု ယူနေကြစဉ်။ တက်ရောက်သူနှစ်ယောက် ရေဒီယိုအသံလွှင့် အစီအစဉ်ကို နားကြပ်နဲ့ နားထောင်နေစဉ်

စနေနေ့မှာ ညီအစ်ကို/မတွေ နှစ်ခြင်းခံတဲ့ အစီအစဉ်ကို ကြည့်နေကြစဉ်

တနင်္ဂနွေနေ့ နောက်ဆုံး အစီအစဉ်မှာ ဧည့်သည် အထူးအချိန်ပြည့် အမှုဆောင်တွေ အစည်းအဝေးလုပ်တဲ့နေရာကနေ လက်ဝှေ့ယမ်းပြနေစဉ်

၁၉၃၆ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဘာလင် အိုလံပစ် အားကစားကွင်းကို အစည်းအဝေး ပထမနေ့မှာ မြင်တွေ့ရစဉ်။ ဘာလင်တံတိုင်း ပြိုကျပြီးနောက် ၁၉၉၀ ခုနှစ် သမိုင်းဝင် ဘာလင် အပြည်အပြည်ဆိုင်ရာ အစည်းအဝေး ကျင်းပတုန်းက ဒီအားကစားကွင်းကို အသုံးပြုခဲ့တယ်

ဘာလင်မြို့လယ်ခေါင်က နာမည်ကျော် ဘရန်ဒန်ဘာ့ဂ်ဂိတ်ရှေ့မှာ ကိုယ်စားလှယ်တွေ အများရှေ့သက်သေခံခြင်းမှာ ပါဝင်နေကြစဉ်

ပါဂမံပြတိုက် အနီးက တိုင်တန်းတွေမှာ ကိုယ်စားလှယ်တွေ စုဝေးနေကြစဉ်

ညနေခင်း စုဆုံမှု အပိတ်မှာ ပရိသတ်တွေ လက်ခုပ်ဩဘာပေးနေကြစဉ်