မာတိကာဆီ ကျော်သွား

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်ခန်းမ။ ဟမ်းဘာ့ဂ်မြို့သူမြို့သားတွေနဲ့ အစိုးရအာဏာပိုင်တွေက ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်အနေနဲ့ ခန်းမအဝမှာ ပန်းစည်းတွေ ထားပေး

၂၀၂၃ ခုနှစ်၊ မတ် ၂၀ ရက်
ဂျာမနီ

ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်ရောက်သူများကို သေနတ်သမား ပစ်ခတ်

ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်ရောက်သူများကို သေနတ်သမား ပစ်ခတ်

အရင်က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း၊ ဟမ်းဘာ့ဂ်-ဝင်းတားဟု အသင်းတော်ရဲ့ ကြားရက်အစည်းအဝေးအပြီးမှာ သေနတ်သမားတစ်ယောက် ပစ်ခတ်ခဲ့တယ်။ ညီအစ်ကို/မတွေကို ပစ်သတ်၊ ဒဏ်ရာ ရစေခဲ့ပြီးနောက် နိုင်ငံတော်ခန်းမထဲ ရဲတပ်ဖွဲ့ ရောက်လာလို့ ပစ်ခတ်မှု ရပ်တန့်သွားတယ်။ သေနတ်သမားလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တယ်။ အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ မေတ္တာ၊ ကြင်နာမှုနဲ့ ဝမ်းနည်းပူဆွေးကြောင်း ထုတ်ဖော်ပြောဆိုချက်တွေကြောင့် နယ်ခံနဲ့ ကမ္ဘာချီ ယေဟောဝါသက်သေတွေ စိတ်ထိမိခဲ့ရတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်ကို ၄ ယောက်၊ ညီအစ်မ ၂ ယောက်နဲ့ ဒဏ်ရာရ ညီအစ်မရဲ့ မမွေးသေးတဲ့ ကလေး ကွယ်လွန်သွားတယ်။

  • ညီအစ်ကို ၂ ယောက်နဲ့ ညီအစ်မ ၇ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ဗဟိုဥရောပ ဌာနခွဲက ကိုယ်စားလှယ်တွေ၊ တိုက်နယ်ကြီးကြပ်မှူး နှစ်ယောက်နဲ့ ဒေသခံ အကြီးအကဲတွေက နှစ်သိမ့်အားပေးပြီး ထောက်မပေးနေပါတယ်။

စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်းအနေနဲ့ ဒီဖြစ်ရပ်ဆိုးကြောင့် ထိခိုက်နေသူအားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဟာ “ဒုက္ခရောက်ချိန်မှာ ခိုလှုံစရာရဲတိုက်” ဖြစ်တယ်။ ခက်ခဲတဲ့ ဒီအချိန်ကို ခံရပ်ရင်း အေးချမ်းငြိမ်သက်စွာ ဆက်ဝတ်ပြုနိုင်အောင် ကူညီပေးပါလိမ့်မယ်။—နာဟုံ ၁:၇