နိုဝင်ဘာ ၃၊ ၂၀၁၇
ပေါ်တူဂီ
ပေါ်တူဂီမှတ်တမ်းမှာ အဆိုးရွားဆုံး တောမီးလောင်မှု
အပူချိန်လွန်ကဲမှု၊ အလွန်အမင်း မိုးခေါင်မှုကြောင့် ပေါ်တူဂီမှတ်တမ်းမှာ အဆိုးရွားဆုံး တောမီးလောင်မှု ဖြစ်ခဲ့တယ်။ ဇွန်လမှာ ၆၄ ယောက်၊ အောက်တိုဘာလမှာ ၄၅ ယောက် သေဆုံးခဲ့ပြီး အောက်တိုဘာလလယ်အထိ မီးလောင်မှု ၅၃၂ ခုရှိကြောင်း သတင်းရပါတယ်။ ဥရောပသမဂ္ဂ အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့ အဆိုအရ ဒီနှစ်မှာ ဟက်တာ ၅၂၀,၀၀၀ ခန့် (ဧက ၁.၃ သန်း) တောမီးလောင်ခဲ့တယ်။ နှစ်တိုင်း နိုင်ငံအတွင်းမှာ ဟက်တာ ၈၃,၀၀၀ ကျော် (၂၀၅,၀၀၀ ဧက) ပဲ လောင်တာဖြစ်လို့ ဒီနှစ်က ခြောက်ဆ ကျော်သွားပါတယ်။
ပေါ်တူဂီ ဌာနခွဲရုံးအဆိုအရ တောမီးကြောင့် ညီအစ်ကိုတစ်ဦးနဲ့ လေးနှစ်အရွယ် တူလေးတစ်ယောက် သေဆုံးသွားတယ်။ ညီအစ်ကို/မတွေရဲ့ အိမ်တွေ၊ လယ်ယာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ မီးလောင်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးပါတယ်။ ဒေသခံ ညီအစ်ကို/မတွေက အပျက်အစီးတွေ၊ အပင်တွေ၊ တခြား အမှိုက်သရိုက်တွေကို ဖယ်ရှားရှင်းလင်းပေးပြီး အပြန်အလှန် ကူညီပေးရင်း အလုပ်များနေကြပါတယ်။
ဒေသခံကယ်ဆယ်ရေး ကော်မတီက လက်တွေ့ကျ အကူအညီတွေ ပေးဖို့ အားပေးဆောင်ရွက်နေပါတယ်။ ပေါ်တူဂီ ဌာနခွဲကော်မတီ နှစ်ယောက်က ဒေသခံ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေနဲ့အတူ ညီအစ်ကို/မတွေဆီ လည်ပတ်အားပေးခဲ့ကြတယ်။
ပေါ်တူဂီမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား မေတ္တာနဲ့ ဆက်ပြီး ကူညီစောင့်ရှောက်ပေးဖို့၊ မီးဘေးသင့်မှုကနေ ပြန်နာလန်ထူဖို့ လိုအပ်တဲ့ နှစ်သိမ့်မှုတွေ ပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—ဆာလံ ၇၁:၂၁။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Portugal: João Pedro Candeias, +351-214-604-339