မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၁, ၂၀၁၇
ပွာတိုရီကို

မာရီယာမုန်တိုင်း တိုက်ခတ်ပြီးနောက် ကနဦးသတင်း

မာရီယာမုန်တိုင်း တိုက်ခတ်ပြီးနောက် ကနဦးသတင်း

၂၀၁၇၊ စက်တင်ဘာ ၂၀၊ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်မှာ ပဉ္စမမြောက်အပြင်းထန်ဆုံး မာရီယာမုန်တိုင်း တိုက်ခတ်ခဲ့လို့ ပွာတိုရီကိုကျွန်းမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားပါတယ်။ တစ်ကျွန်းလုံး လျှပ်စစ်မီး ပြတ်တောက်သွားတယ်။ ည ၆:၀၀ နာရီနောက်ပိုင်း ညမထွက်ရအမိန့် အစိုးရက ထုတ်ပြန်ထားတယ်။

ညီအစ်ကို/မတွေထဲမှာ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အပျက်အစီးမရှိတဲ့ ခန်းမတစ်လုံးကို ခိုလှုံတဲ့နေရာ၊ ပစ္စည်းဝေတဲ့နေရာအဖြစ် အသုံးပြုသွားပါမယ်။

စန်ဝှမ်မြို့က ဗေသလအဆောက်အအုံကတော့ အနည်းငယ် ပျက်စီးသွားပါတယ်။ ညီအစ်ကို/မအားလုံး ဘေးကင်းပြီး ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ လောလောဆယ်တော့ အင်တာနက်လိုင်း ပြတ်တောက်နေပါတယ်။ အရေးပေါ် လျှပ်စစ်မီး ရဖို့ မီးစက်တစ်လုံး စီစဉ်ထားပါတယ်။

ယေဟောဝါအဖွဲ့အစည်း ကြိုးစားလုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကို/မတွေ စိတ်သက်သာရာ ရမယ်ဆိုတာ သေချာပါတယ်။​—၂ ကောရိန္သု ၁:၃

Media Contact:

International: David A. Semonian, Office of Public Information, +1-845-524-3000