မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၈၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– နိုဝင်ဘာ ၁-၃၊ ၂၀၁၉

  • နေရာ– ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာရှိတဲ့ အာရှ အရီနာ မောလ်နဲ့ SMX ကွန်ဗင်းရှင်စင်တာ

  • ဘာသာစကား– အင်္ဂလိပ်၊ တဂါလော့

  • အများဆုံးတက်ရောက်သူ– ၂၆,၂၄၅

  • နှစ်ခြင်းခံသူ အရေအတွက်– ၁၄၅

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၃၉၇

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဗဟိုဥရောပ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကာဇက်စတန်၊ မဒါဂတ်စကာ၊ မလေးရှား၊ မြန်မာ၊ ပါပူဝါနယူးဂီနီ၊ ဆော်လမွန်ကျွန်းစု၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်

  • ဒေသတွေ့ကြုံမှုများ– အာရှ အရီနာ မောလ်ရဲ့ မန်နေဂျာတစ်ဦးဖြစ်သူ ရိုဟဲလ်ယို ဟိုလောင်ဘာယမ် ဒီလိုပြောတယ်– “ကျွန်တော်တို့ ဆက်ဆံခဲ့ဖူးသမျှမှာ ခင်ဗျားတို့အဖွဲ့က စည်းကမ်း အရှိဆုံးပဲ။ ကျွန်တော်တို့ရဲ့ အားကစားကွင်းမှာ ခင်ဗျားတို့ရောက်ရှိနေတာကို တကယ် သဘောကျတယ်။”

    အဆင့်မြင့် ခရိုင်ရဲအရာရှိတစ်ဦးဖြစ်သူ နိုလာ့စ်ကို ဘာသန်ကလည်း ဒီလို ပြောတယ်– “ကိုယ်စားလှယ်တွေဟာ ကွင်းထဲကို ငြိမ်ငြိမ်ဝပ်ဝပ် တန်းစီပြီး ဝင်ကြတယ်။ ဒီလိုစနစ်တကျရှိရင် ကျွန်တော်တို့တောင် ဒီမှာရှိနေစရာ မလိုဘူး။”

    မနီလာဟော်တယ်က လုံခြုံရေး လက်ထောက်မန်နေဂျာတစ်ဦးဖြစ်သူ တီယိုဖီလို လာဘီဟာ ကိုယ်စားလှယ်တွေ လည်ပတ်ကြည့်ရှုရေးအတွက် မထွက်ခွာခင် ကြည့်ရှုစစ်ဆေးဖို့ တာဝန်ရတယ်။ ခဏလောက် ကြည့်ပြီးတဲ့နောက်မှာ သူ ဒီလို ပြောတယ်– “စီမံခန့်ခွဲရေးဌာနက ခင်ဗျားတို့ရဲ့ လည်ပတ်ကြည့်ရှုရေး ထွက်ခွာမှု အစီအစဉ်ကို အကဲဖြတ်ပါလို့ ပြောရင် အကောင်းဆုံးထက် ပိုကောင်းတယ်လို့ ကျွန်တော် အမှတ်ပေးမယ်။ ခင်ဗျားတို့အုပ်စုက သိပ်စနစ်ကျတယ်။”

 

ဖိလစ်ပိုင်ဗေသလမှာ ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေက ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်

အစည်းအဝေး မတိုင်ခင် ညီအစ်ကို၊ ညီအစ်မတွေ ဖိတ်စာ ဝေနေကြစဉ်

အစည်းအဝေး မတိုင်ခင်မှာ ဌာနခွဲကိုယ်စားလှယ် လေးယောက် သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေကို ဖြေဆိုနေစဉ်

အစည်းအဝေးခန်းမအပြင်မှာ အစည်းအဝေး တက်ရောက်လာကြသူတွေကို မြင်တွေ့ရစဉ်

အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ကြေညာသူတွေ ဓာတ်ပုံရိုက်နေကြစဉ်

အစည်းအဝေးအတွင်းမှာ ညီအစ်ကို၊ ညီအစ်မတွေ နိုင်ငံတော်သီချင်း ဆိုနေကြစဉ်

စနေနေ့မှာ ညီအစ်ကိုအသစ်နှစ်ယောက် နှစ်ခြင်းခံနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန် စနေနေ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

အစည်းအဝေး နောက်ဆုံးနေ့မှာ ညီအစ်ကို ဆန်ဒါစန်နဲ့အတူ အထူးအချိန်ပြည့် အမှုဆောင်တွေကို စင်မြင့်ပေါ်နဲ့ စင်မြင့်ဝန်းကျင်မှာ တွေ့ရစဉ်

ညနေခင်းပေါင်းသင်းမှုမှာ ညီအစ်ကို၊ ညီအစ်မတွေက တနီကလင်း လို့ခေါ်တဲ့ ဖိလစ်ပိုင် ရိုးရာအက ကပြနေစဉ်