မာတိကာဆီ ကျော်သွား

အပေါ် (ဝဲမှယာ)– ညီအစ်ကို အိုင်ဗင် ချီကို့စကီ၊ ယူရီ ချာနေရှေ့ဗ်

အောက် (ဝဲမှယာ)– ညီအစ်ကို ဗစ်တာလီ ကိုမာရို့ဗ်၊ ဆာဂေး ရှက်တာလို့ဗ်၊ ဗာဒန် ဇခေရီယန်

၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက် | နောက်ဆုံးအချက်အလက်—၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ယေဟောဝါကို အားကိုးလို့ ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

နောက်ဆုံးအချက်အလက်—ထောင်ချခံရ | ယေဟောဝါကို အားကိုးလို့ ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်မှာမော်စကိုမြို့၊ ဘာဘုရှ်ကင်စကီ ခရိုင်တရားရုံးက ညီအစ်ကို အိုင်ဗင် ချီကို့စကီ၊ ယူရီ ချာနေရှေ့ဗ်၊ ဗစ်တာလီ ကိုမာရို့ဗ်၊ ဆာဂေး ရှက်တာလို့ဗ်၊ ဗာဒန် ဇခေရီယန်တို့ကို အပြစ်ရှိကြောင်း စီရင်ခဲ့တယ်။ အိုင်ဗင်၊ ယူရီ၊ ဗစ်တာလီနဲ့ ဆာဂေးတို့ကို ထောင်ဒဏ် ခြောက်နှစ်နဲ့သုံးလ၊ ဗာဒန်ကို ထောင်ဒဏ် လေးနှစ်နဲ့သုံးလ ချမှတ်လိုက်တယ်။ သူတို့ကို တရားခွင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အချိန်ပြဇယား

  1. နိုဝင်ဘာ ၂၄၊ ၂၀၂၀

    ရုရှားအာဏာပိုင်တွေက မော်စကိုမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်တွေကို အကြိမ် ၂၀ နီးပါး ဝင်ရောက်စီးနင်းခဲ့ကြတယ်။ အိုင်ဗင်၊ ယူရီ၊ ဗစ်တာလီ၊ ဆာဂေးတို့ကို ဖမ်းခေါ်သွားပြီး တစ်ယောက်စီ သီးခြားချုပ်ထားလိုက်တယ်။ ယူရီနဲ့ မိသားစုအိမ်ကို ရှာဖွေချိန်၊ စစ်ဆေးမေးမြန်းချိန်တွေမှာ ဗီဒီယိုရိုက်တဲ့အဖွဲ့လည်း ပါတယ်။ နောက်ပိုင်း အစိုးရရဲ့ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသခဲ့တယ်။

  2. နိုဝင်ဘာ ၂၆၊ ၂၀၂၀

    ဆာဂေးကို အချုပ်ကနေ လွှတ်လိုက်ပြီး အိမ်အကျယ်ချုပ်နဲ့ ထားတယ်။ အာဏာပိုင်တွေ ရှာဖွေချိန်မှာ ထိခိုက်ဒဏ်ရာရသွားလို့ ဆေးရုံတင်လိုက်ရတဲ့ ဗာဒန်ကို အချုပ်ချပြီး သီးသန့်ခွဲထားတယ်။

  3. နိုဝင်ဘာ ၂၇၊ ၂၀၂၀

    အိုင်ဗန်၊ ယူရီ၊ ဗစ်တာလီတို့ကို အချုပ်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ် ချတယ်။

  4. နိုဝင်ဘာ ၃၀၊ ၂၀၂၀

    အာဏာပိုင်တွေက ဗာဒန်ကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ် ချတယ်။ ဥပဒေမဲ့ အင်အားသုံးမှုနဲ့ အစိုးရရှေ့နေရုံးဆီ ဗာဒန် တိုင်ချက်ဖွင့်ခဲ့တယ်။

  5. ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂

    ပြစ်မှု စတင် ကြားနာ စစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ချစ်ရတဲ့ ညီအစ်ကိုတွေနဲ့ သူတို့မိသားစုတွေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေပြီး ယေဟောဝါလည်း သူတို့နဲ့ အနီးကပ်ရှိနေတာကို တွေ့ရလို့ ကျွန်တော်တို့ သိပ်အားရှိတယ်။—ယာကုပ် ၄:၈