မာတိကာဆီ ကျော်သွား

ညီအစ်ကို ယူရီ ယာကို့ဗ်လက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉ ရက် | နောက်ဆုံးအချက်အလက်– ၂၀၂၃ ခုနှစ်၊ မတ် ၂၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ်ခံရ | “ကျွန်တော် . . . အရင်ကထက်တောင် ပိုပျော်ရွှင်လာတယ်”

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်ချမှတ်ခံရ | “ကျွန်တော် . . . အရင်ကထက်တောင် ပိုပျော်ရွှင်လာတယ်”

၂၀၂၃ ခုနှစ်၊ မတ် ၁၇ ရက်မှာကရာနိုယာ့စ်နယ်မြေ၊ စော့စနိုဗိုဘော့စ်မြို့ တရားရုံးက ညီအစ်ကို ယူရီ ယာကို့ဗ်လက်ကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ဒဏ် ခြောက်နှစ်နဲ့ နှစ်လ ချမှတ်လိုက်တယ်။ ညီအစ်ကို ယူရီဟာ ၂၀၂၂ ခုနှစ်၊ မတ်လကတည်းက အချုပ်ကျနေခဲ့တာဖြစ်တယ်။

အချိန်ပြဇယား

  1. ဇွန်–ဒီဇင်ဘာ၊ ၂၀၂၁

    အာဏာပိုင်တွေက ယူရီရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ် ခိုးနားထောင်တဲ့အပြင် သူ့ကို အမြဲစောင့်ကြည့်တယ်။

  2. မတ် ၂၈၊ ၂၀၂၂

    ပြစ်မှုနဲ့ တရားစွဲတယ်။ ဗီဒီယိုချိတ်ဆက်မှုကတစ်ဆင့် အစွန်းရောက် အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေကို လုပ်ဆောင်မှုနဲ့ စွဲချက်တင်တယ်။ စုံစမ်းစစ်ဆေးသူက ရှာဖွေဝရမ်းမရှိဘဲ ယူရီရဲ့ အိမ်ထဲ ဝင်ရောက်ရှာဖွေတယ်။

  3. မတ် ၂၉၊ ၂၀၂၂

    ယေဟောဝါသက်သေ ငါးအိမ်ထောင်အပြင် ယူရီနဲ့ ကျမ်းစာဆွေးနွေးခဲ့သူရဲ့ အိမ်ကိုပါ အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေတယ်။ ယူရီကို ဖမ်းပြီး ခဏချုပ်ထားတယ်။

  4. မတ် ၃၀၊ ၂၀၂၂

    ယာယီအချုပ်ထောင်ကို ပို့လိုက်တယ်။

  5. ဇွန် ၂၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားသခင်ကို မျှော်လင့်တဲ့သူတွေ ဘုရားရဲ့ထောက်မကူညီမှုနဲ့ ခွန်အားရလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၄၀:၃၁