၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်
ရုရှား
နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ယေဟောဝါကို မောင်နှံစုံလိုက် အတူဝတ်ပြုခြင်း”
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ အိုရွိုလ်မြို့၊ ဆိုဗီယက်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဒီမီထရီ အစ်နက်တော့ကို အပြစ်ရှိကြောင်း စီရင်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။ ထောင်ထဲမှာ ဆက်နေရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာမှာ အလုပ် လုပ်ရမှာဖြစ်တယ်။ ဒီပြစ်ဒဏ်ကျခံနေစဉ်အတွင်း သူ့လုပ်အားခရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရက သိမ်းယူပါမယ်။
ကိုယ်ရေးအကျဉ်း
ဒီမီထရီနဲ့ ဒါယာရဲ့ပုံသက်သေကို ကျွန်တော်တို့ တန်ဖိုးထားလေးမြတ်ပါတယ်။ “အထက်အရပ်နဲ့ဆိုင်တဲ့ အရာတွေကို စိတ်စွဲလမ်းနေကြ” မယ်ဆိုရင် အခက်အခဲတွေကြားမှာတောင် ယုံကြည်ခြင်း ခိုင်ခံ့နေနိုင်တယ်ဆိုတာကို သတိရစေပါတယ်။—ကောလောသဲ ၃:၂။
အချိန်ပြ ဇယား
ဒီဇင်ဘာ ၉၊ ၂၀၂၀
အိမ်ကို ဝင်ရောက်ရှာဖွေ
အောက်တိုဘာ ၂၈၊ ၂၀၂၁
ပြစ်မှု စတင်ဖွင့်လှစ်
စက်တင်ဘာ ၁၃၊ ၂၀၂၃
အိမ်ကို ထပ်မံဝင်ရောက်ရှာဖွေ
မတ် ၄၊ ၂၀၂၄
ပြစ်မှု စတင်ကြားနာစစ်ဆေး