၂၀၂၁၊ ဒီဇင်ဘာ ၂၃
ရုရှား
ဗစ်တာလီ စူကောဗ်ကို ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါဘုရား ထောက်မကူညီပေး
နောက်ဆုံးရအချက်အလက် | ၂၀၂၂၊ မတ်လ ၁ ရက်နေ့မှာ ကရာနိုယာ့စ်ဒေသ တရားရုံးက ညီအစ်ကို ဗစ်တာလီ စူကောဗ်ရဲ့ အယူခံကို ပယ်ချပြီး ပြစ်မှု ထင်ရှားကြောင်း စီရင်လိုက်ပါတယ်။ ဒီတစ်ကြိမ် သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။
အချိန်ပြဇယား
ဒီဇင်ဘာ ၂၁၊ ၂၀၂၁
ကရာနိုယာ့စ် ဇလက်နိုဒရော်ဇက်နီ ခရိုင်တရားရုံးက ဗစ်တာလီကို အပြစ်ရှိကြောင်း စီရင်ပြီး ခံဝန်ချုပ်နဲ့ လွတ်ထားတဲ့ သုံးနှစ် အပါအဝင် ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
၂၀၂၁၊ မတ် ၂၅
အမှုကို စတင် ကြားနာစစ်ဆေးတယ်
၂၀၂၀၊ အောက်တိုဘာ ၁၆
တရားရုံး အရာရှိတွေက ဗစ်တာလီရဲ့ ကားကို ထိန်းသိမ်းလိုက်တယ်
၂၀၂၀၊ မေ ၂၁
ဗစ်တာလီတို့ရဲ့ တိုက်ခန်းကို ဝင်ရောက်ရှာဖွေတယ်
၂၀၂၀၊ မေ ၈
ပိတ်ပင်ထားတဲ့ ဘာသာရေး အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေကို စီစဉ်ပေးမှုနဲ့ ဗစ်တာလီကို တရားစွဲတယ်
ကိုယ်ရေးအကျဉ်း
ကျွန်တော်တို့ တွေ့ကြုံနေတာကို ယေဟောဝါဘုရား မြင်ရုံမက ‘ဖြောင့်မတ်သူကို ထောက်မပေးမယ်’ ဆိုတာ သိရလို့ သိပ်ဝမ်းသာတယ်။—ဆာလံ ၃၇:၁၇၊ ၁၈။