မာတိကာဆီ ကျော်သွား

ဧပြီ ၁၊ ၂၀၁၉
ရုရှား

ရုရှားမှာ ယေဟောဝါသက်သေ နောက်ထပ်တစ်ဦး ပြစ်ဒဏ်ချမှတ်ခံရ

ရုရှားမှာ ယေဟောဝါသက်သေ နောက်ထပ်တစ်ဦး ပြစ်ဒဏ်ချမှတ်ခံရ

ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ကို ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ရုရှားတရားရုံးကပဲ အသက် ၅၆ နှစ်အရွယ် ဆာဂေး စကရင်နီကို့ဗ်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် ဘာသာရေး ယုံကြည်ချက်အတိုင်း ကျင့်သုံးမှုနဲ့ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ တရားရုံးက အတော်များတဲ့ ဒဏ်ငွေ ၅,၃၄၈ ဒေါ်လာ (ရုရှားငွေ ၃၅၀,၀၀၀။ ယူရို ၄၇၅၈.၉၅) ဆောင်ဖို့ စီရင်ချက် ချလိုက်တယ်။ တရားစွဲဆိုသူတွေက ထောင်ဒဏ် သုံးနှစ်ချဖို့ တောင်းဆိုကြပေမဲ့ တရားရုံးကတော့ ထောင်ဒဏ် ချမှတ်ခြင်း မရှိခဲ့ပါ။

ညီအစ်ကို စကရင်နီကို့ဗ်နဲ့ ဇနီး နီနာမှာ သမီးတစ်ယောက် ရှိတယ်။ သမီး၊ သမက်နဲ့ မြေးငါးယောက်ကို ကူညီပေးနေကြတာပါ။ ဒါ့အပြင် စကရင်နီကို့ဗ်ဟာ နီနာရဲ့ သက်ကြီးရွယ်အို မိဘတွေကို အဓိက ကြည့်ရှုစောင့်ရှောက်နေသူ ဖြစ်ပါတယ်။

ညီအစ်ကို စကရင်နီကို့ဗ်ဟာ တရားရုံးမှာ မိမိရဲ့ ယုံကြည်ချက်ကို ယုံကြည်ချက်အပြည့်နဲ့ လေးလေးစားစား တင်ပြခဲ့ပါတယ်။ သူ့စကားတွေထဲမှာ ဒါလည်း ပါတယ်– “ယုံကြည်ခြင်း မတူတဲ့သူဘက်က ကြည့်ရင် ကျွန်တော့်အခြေအနေက စိတ်ပျက်စရာ ဖြစ်နေပါလိမ့်မယ်။ ... ဒါပေမဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကတော့ ဒီအခြေအနေကို ယုံကြည်ခြင်းမျက်စိနဲ့ ကြည့်ပါတယ်။ တရားရုံးက ကျွန်တော့်ကို ပြစ်ဒဏ်စီရင်ဖို့ ဘုရားသခင် ခွင့်ပြုခဲ့မယ်ဆိုရင် ဒီသုံးနှစ်ကို ပြစ်ဒဏ်ကျခံနေရတယ်လို့ ကျွန်တော် မရှုမြင်ပါဘူး။ နေရာသစ်မှာ အမှုဆောင်ဖို့ အထူးတာဝန် ခန့်အပ်ခံရတယ်လို့ ရှုမြင်ပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်မပျက်ပါဘူး။ ... ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဘုရား ကျွန်တော့်ကို ကူညီနိုင်ပါတယ်။ ဒါကြောင့် စွန့်ပစ်ခံရတယ်လို့ ကျွန်တော် မယူဆဘူး။ ဘယ်နေရာမှာပဲ ရောက်နေပါစေ ဘုရားအပေါ် သစ္စာရှိနေသရွေ့ ဘုရား ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။”

ညီအစ်ကို စကရင်နီကို့ဗ်လိုမျိုး ညီအစ်ကို/မတွေရဲ့ ခိုင်မြဲတဲ့ ယုံကြည်ခြင်းက ကျွန်တော်တို့ကို အားရှိစေပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့ ပြင်းထန်တဲ့ စမ်းသပ်မှုတွေကို စဉ်းစားမိရင် တမန်တော်ပေါလုရဲ့ ဆုတောင်းစကားတွေအတိုင်း ထပ်တူတောင်းကြပါတယ်– “မျှော်လင့်ချက်ပေးတဲ့အရှင် ဘုရားသခင်က မိမိကို ယုံကြည်အားထားတဲ့ ခင်ဗျားတို့ကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်းတွေ ကြွယ်ဝစွာ ပေးသနားပါစေ။ အဲဒီအခါ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေမယ်။”—ရောမ ၁၅:၁၃