မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၇၊ ၂၀၁၈
ရုရှား

အသက် ၇၀ အရွယ် အာကဒီယာ အကိုပီယန်ကို ရုရှားတရားရုံးက ပြစ်ဒဏ်ချမှတ်

အသက် ၇၀ အရွယ် အာကဒီယာ အကိုပီယန်ကို ရုရှားတရားရုံးက ပြစ်ဒဏ်ချမှတ်

ရုရှားနိုင်ငံ၊ ပရိုခလတ်နီ ခရိုင်တရားသူကြီး အိုလက် ဂိုလိုဗာရှကိုက ဒီဇင်ဘာ ၂၇၊ သောကြာနေ့တုန်းက ညီအစ်ကို အာကဒီယာ အကိုပီယန်အမှု ဆုံးဖြတ်ချက်ကို ကြေညာလိုက်ပါတယ်။ သက်သေခံ မဟုတ်သူတွေကို အစွန်းရောက်စာပေ ဖြန့်ဝေခိုင်းတယ်ဆိုတဲ့ စွဲချက်နဲ့ အသက် ၇၀ အရွယ် စက်ချုပ်သမားဟောင်း ညီအစ်ကို အကိုပီယန်ကို ရပ်ရွာအကျိုးပြုလုပ်ငန်းမှာ နာရီ ၁၂၀ လုပ်ဆောင်ဖို့ တရားရုံးက စီရင်ဆုံးဖြတ်ပါတယ်။

ညီအစ်ကို အကိုပီယန်ကို ထောင်ဒဏ် မချမှတ်ပေမဲ့ ဒီစီရင်ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်။ ဒါကြောင့် အထက်တရားရုံးကို အယူခံသွားမှာ ဖြစ်ပါတယ်။

နောက်လာမယ့် သီတင်းပတ်တွေအတွင်း ဒဲနစ္စ ခရစ်တန်ဆန်အမှုကို စီရင်ဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။ ရုရှားနိုင်ငံမှာ ယုံကြည်ခြင်းကြောင့် ထောင်ကျနေတဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်နှစ်သိမ့်ထောက်မပေးဖို့ ဆုတောင်းကြပါတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇