မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇွန် ၂၁
ရုရှား

ဘာသာရေး​အစည်းအဝေး​တစ်ခုကို ရုရှား​အာဏာပိုင်​များ ဝင်ရောက်​စီးနင်း​တဲ့ ဗီဒီယိုကို ထုတ်လွှင့်

ဘာသာရေး​အစည်းအဝေး​တစ်ခုကို ရုရှား​အာဏာပိုင်​များ ဝင်ရောက်​စီးနင်း​တဲ့ ဗီဒီယိုကို ထုတ်လွှင့်

နယူးယောက်​—ရုရှား​နိုင်ငံ၊ ဗဟို​ဖယ်ဒရယ်​ခရိုင်​ရဲ့ glavny တီဗီ​လိုင်း​ကနေ ဗီဒီယို​တစ်ခု ထုတ်လွှင့်​ခဲ့တယ်။ ၂၀၁၇၊ မေ ၂၅ ရက်​တုန်း​က အို​ရွိုလ်​မြို့မှာ ယေဟောဝါသက်သေတွေ အေးအေးဆေးဆေး စုဝေး​ဝတ်ပြု​နေတာကို လက်နက်ကိုင် ရုရှား​ရဲတွေ​နဲ့ ဖယ်ဒရယ်​လုံခြုံရေး​ဌာန (FSB) အဖွဲ့သား​တွေ ဝင်ရောက်​နှောင့်ယှက်​ပုံ ဗီဒီယို​ပဲ။

၂၀၁၇၊ မေ ၂၅ ရက်​တုန်း​က ရုရှား​နိုင်ငံ၊ အို​ရွိုလ်​မြို့မှာ ယေဟောဝါသက်သေတွေ အေးအေးဆေးဆေး စုဝေး​ဝတ်ပြု​နေတာကို လက်နက်ကိုင် ရုရှား​အာဏာပိုင်တွေ ဝင်ရောက်​နှောင့်ယှက်။

ဗီဒီယို​ထဲမှာ ဒိန်းမတ်​နိုင်ငံသား ဒဲနစ္စ ခရစ်​တန်​ဆန်​ဟာ အာဏာပိုင်တွေကို တည်တည်ငြိမ်ငြိမ် ပြောဆို​နေတာ တွေ့ရတယ်။ သူ့ကို ဖမ်းဆီး​ပြီး အမှု​မ​စစ်​ခင် အချုပ်ချ​ထား​လိုက်တယ်။

အသင်းတော်​အကြီးအကဲ​ဖြစ်တဲ့ ဒိန်းမတ်​နိုင်ငံသား ဒဲနစ္စ ခရစ်​တန်​ဆန် အာဏာပိုင်တွေကို စကားပြော​နေ​ပုံ။ FSB တွေ​က သူ့ကို ၂၀၁၇၊ မေ ၂၅ ရက်​ကတည်းက အချုပ်ချ​ထား။

ကမ္ဘာ့​ဌာနချုပ်​မှာ​ရှိတဲ့ ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ ဆီ​မို​နီ​ယန်​က ဒီလို​ပြောတယ်– “ကျမ်းစာဆွေးနွေး​နေတဲ့ ယေဟောဝါသက်သေတွေ လန့်​သွား​အောင် အာဏာပိုင်တွေ ခြိမ်းခြောက်​နေတာ​တောင် သူတို့ အေးဆေး​တည်ငြိမ်​နေတာကို ဗီဒီယို​ထဲမှာ တွေ့ရတယ်။ ရုရှား​တရားရုံးချုပ်​ဟာ ယေဟောဝါသက်သေတွေ​အပေါ် မတရား​ချမှတ်​ထားတဲ့ စီရင်ချက်​ကို မဖယ်ရှား​ပေးသရွေ့ အဲဒီလို ဘာသာရေး​လွတ်လပ်ခွင့် ချိုးဖောက်မှု​တွေ ရှိနေ​ဦး​မှာ​ပဲ။ တွေ့ခွင့်​မရတဲ့​အပြင် ဇနီးသည်​နဲ့ ဖုန်း​ပြောခွင့်​မရတဲ့ ညီအစ်ကို ဒဲနစ္စ ခရစ်​တန်​ဆန်​အတွက် ကျွန်တော်တို့ အလွန်​စိတ်ပူ​မိတယ်။ မတရား​ချုပ်နှောင်မှု​ကနေ သူ မကြာခင် ပြန်​လွတ်​လာမယ်လို့ မျှော်လင့်​ပါတယ်။”

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000