မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၂၊ ၂၀၁၈
အစ္စရေး

နာဇီ​ခေတ်​အတွင်း ယေဟောဝါသက်သေတွေ ကြုံခဲ့ရ​တာတွေကို တဲလ်အဗစ်​မြို့မှာ ပြသ

နာဇီ​ခေတ်​အတွင်း ယေဟောဝါသက်သေတွေ ကြုံခဲ့ရ​တာတွေကို တဲလ်အဗစ်​မြို့မှာ ပြသ

တဲလ်အဗစ်။ ၂၀၁၇၊ နိုဝင်ဘာ ၂၆ ကနေ ဒီဇင်ဘာ ၂ ရက်​အတွင်း လူ ၁,၇၀၀ နီးပါး​ဟာ သမိုင်းဝင်​တဲ့ ဟာ​တာ​ချာ​နာ ဝင်း​ထဲ​က ယေဟောဝါသက်သေတွေရဲ့ ပြခန်း​ကို လာရောက်​ကြည့်ရှု​ကြပါတယ်။ နာဇီ​လက်ထက်မှာ ယေဟောဝါသက်သေတွေ နှိပ်စက်​ညှဉ်းဆဲ​ခံရ​ပုံကို လူတွေ ပို​သိလာစေဖို့ ပြသခြင်း ဖြစ်တယ်။

ပြခန်း​မှာ ဗီဒီယိုခွေ​နဲ့ သမိုင်းဝင်​ဓာတ်ပုံ​တွေ ပြသထား​တယ်။ ချွေးတပ်စခန်း​က လွတ်မြောက်​လာ​သူ သက်သေခံ​တစ်ဦး ပုံစံတူ ချုပ်လုပ်​ထားတဲ့ ချွေးတပ်စခန်း​ဝတ်စုံ​တစ်စုံ​လည်း ပါတယ်။ ယို​ဟာ​နာ စ​တေ​ယာ (၁၉၀၈-၁၉၉၈) ရဲ့ ရေ​ဆေး​ပန်းချီ ၂၇ ခု “ဘူ​ကင်​ဝေါ​စီး​ရီး” ကို အထူး​စိတ်ဝင်စား​ကြတယ်။ ယေဟောဝါ​သက်သေ​တစ်ဦး​ဖြစ်တဲ့ မစ္စတာ စ​တေ​ယာ​ဟာ နာမည်​ဆိုး​နဲ့ ကျော်ကြားတဲ့ ဘူ​ကင်​ဝေါ၊ မော​က်​ဟောက်​စင်၊ ဇာ​ခ်​စင်​ဘ​တ်၊ ဇာ​ခ်​စင်​ဟော​င်​ဇ​င် ချွေးတပ်စခန်း​တွေ​မှာ ဆယ်နှစ်​လောက် နာဇီ​တွေရဲ့ နှိပ်စက်မှု ခံခဲ့ရတယ်။ ဓာတ်ပုံ​တွေ ကြည့်ပြီး ကွက်ကွက်ကွင်းကွင်း မှတ်မိ​နေဆဲ ပုံတွေကို ၁၉၇၀ ပြည့်လွန်​နှစ်တွေမှာ ရေ​ဆေး​ပန်းချီ​တွေ ရေးဆွဲ​ပြီးစီးခဲ့​တယ်။

ချွေးတပ်စခန်း​က လွတ်မြောက်​လာ​သူ သက်သေခံ​တစ်ဦး ပုံစံတူ ချုပ်လုပ်​ထားတဲ့ ချွေးတပ်စခန်း​ဝတ်စုံကို ဧည့်သည် ကြည့်နေ.

အငြိမ်းစား​ပါမောက္ခ ယာ့ခ်ယီ အော်​ရန်

တဲလ်အဗစ်​မြို့မှာ ဒါတွေကို ပြသ​သင့်​ကြောင်း အစ္စရေး​တက္ကသိုလ်က အငြိမ်းစား​ပါမောက္ခ၊ အစ္စရေး​သမိုင်း​ပညာရှင် ယာ့ခ်ယီ အော်​ရန် ဒီလို​ပြောတယ်- “ဒီ​ပြခန်း​ကို အထူးသဖြင့် အထက်တန်း​ကျောင်းသူ/သား လူငယ်တွေ သွားရောက်​သင့်တယ်လို့ ကျွန်တော် ယူဆတယ်။ ယေဟောဝါသက်သေတွေ​အကြောင်း လူသိ​နည်း​လို့​ပဲ။ အစ္စရေး​အများစုဟာ နာဇီ​ခေတ်​တုန်း​က ယေဟောဝါသက်သေတွေ​အကြောင်း၊ သူတို့​ကြုံခဲ့​တာ​တွေ​အကြောင်း ဘာ​ဆို​ဘာမှ မသိကြဘူး။”

အစ္စရေး​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ မော်​ရို ထ​ရ​ပ္ပ​နီ​စီ ဒီလို​ရှင်းပြတယ်- “ပြခန်း​ကို​ကြည့်ပြီးနောက် နာဇီ​လက်ထက်မှာ ယေဟောဝါသက်သေတွေ ကြုံတွေ့​ရတဲ့ ဒုက္ခ​အကြောင်းကို​သာမက တွေ့ကြုံမှု​ရဲ့ ထူးခြားချက်​ကို သိစေချင်တယ်။ ဥပမာ၊ တခြား​အုပ်စု​တွေ​နဲ့ မတူဘဲ ယေဟောဝါ​သက်သေတွေဟာ မိမိတို့​ဘာသာ​ကို စွန့်ပယ်​ရုံ​နဲ့ ချွေးတပ်စခန်း​က လွတ်မြောက်ခွင့် ရှိတယ်။ ဒီ​အချက်ကို ပြခန်း​လာ​ကြည့်​သူ​အများ သတိ​မထား​မိ​ကြဘူး။ လူသိ​နည်းတဲ့ ဒီ​ထူးခြားချက်​တွေကို ပေါ်လွင်​စေတဲ့​အတွက် ပြခန်း ဖြစ်မြောက်အောင်​မြင်ခဲ့​ပါတယ်။”

ပါမောက္ခ ဂီဒီယန် ဂရိ​ဖ်

အော့ဇ်ဝစ်​ချွေးတပ်စခန်း​ကို အထူးပြု​လေ့လာတဲ့ သမိုင်း​ပညာရှင် ပါမောက္ခ ဂီဒီယန် ဂရိ​ဖ်​က “မိမိတို့​ယုံကြည်ချက်​နဲ့ သိစိတ်ကို မစွန့်​လွတ်၊ သစ္စာ​စောင့်သိတဲ့​အတွက် အသက်ပေး​ခဲ့​ရသူတွေ​ထဲမှာ ယေဟောဝါသက်သေတွေ ပါတယ်” လို့​ပြောတယ်။

ဒေါက်တာ ဘ​တ်​ချာ ဘ​ရူ​တင်

မီးလောင်​တိုက်​သွင်း​ခြင်း​အကြောင်း လေ့လာတဲ့ သမိုင်း​ပညာရှင် ဒေါက်တာ ဘ​တ်​ချာ ဘ​ရူ​တင်​က ပြခန်း​ကို လာ​ကြည့်ပြီးနောက် ဒီလို​ပြောတယ်- “နာဇီ​လက်ထက် ယေဟောဝါသက်သေတွေရဲ့ အတွေ့အကြုံကို သိရ​ပြီဆို​တော့ နေ​ပျော်စရာ​ကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ဝိုင်းကူ​နိုင်ကြ​လိမ့်မယ်လို့ ကျွန်မ ယူဆ​ပါတယ်။”

ပြခန်း​ကို တစ်ကြိမ်ပဲ ပြဖို့ စီစဉ်​ထားပေမဲ့ လေ့လာရေး​အဖွဲ့ ကိုယ်စားလှယ်​တွေ​က ယေဟောဝါသက်သေတွေ ကြုံခဲ့​တာ​တွေ​နဲ့​ပတ်သက်ပြီး ထပ်​သိချင်​တယ်လို့ တောင်းဆို​ကြတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Israel: Mauro Trapanese, +972-54-568-1912