မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၃၊ ၂၀၁၇
အမေရိကန်

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ တောမီး ဆက်လက် လောင်ကျွမ်း

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ တောမီး ဆက်လက် လောင်ကျွမ်း

ကယ်လီဖိုးနီးယားတောင်ပိုင်း တောမီးလောင်တဲ့နေရာ ခြောက်နေရာမှာ မီးသတ်သမားတွေ ကြိုးစားပြီး မီးငြိမ်းသတ်နေကြပါတယ်။ လော့စ်အိန်ဂျလစ်၊ ရီဗာဆိုက်၊ ဆန်ဒီယေဂို၊ ဆန်တာ ဘာဘရာ၊ ဗင်တူရာနယ်မြေတွေမှာ တောမီးလောင်တာ ဧက ၂၅၀,၀၀၀ ကျော်သွားပြီ။

ကြေညာသူ ၄၈၄ ယောက်ဟာ နေအိမ်တွေကနေ ထွက်ခွာရကြောင်း၊ အများစုဟာ ဘေးကင်းတဲ့ဒေသမှာရှိတဲ့ ညီအစ်ကို/မတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ အိမ်မှာ နေထိုင်ကြကြောင်း ကနဦးသတင်းတွေက ဖော်ပြတယ်။ ညီအစ်ကို/မတွေရဲ့ နေအိမ် ခြောက်လုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်သုံးလုံး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်။ ဒေသခံ အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေက မီးဘေးသင့် ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးကြတယ်။

ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။ ပညာအလိမ္မာ ၁:၃၃ မှာပါတဲ့ “ငါ့စကားကို နားထောင်သူကတော့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်” ဆိုတဲ့စကားတွေ ပြည့်စုံလာမယ့်နေ့ကိုလည်း စောင့်မျှော်နေကြပါတယ်။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000