မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၄၊ ၂၀၁၇
အမေရိကန်

ဟာဗေးမုန်တိုင်းဘေးသင့်မှုကို အမေရိကန်ရှိ ယေဟောဝါသက်သေများ ကိုင်တွယ်ဖြေရှင်းကြ

ဟာဗေးမုန်တိုင်းဘေးသင့်မှုကို အမေရိကန်ရှိ ယေဟောဝါသက်သေများ ကိုင်တွယ်ဖြေရှင်းကြ

နောက်ဆုံးရသတင်း။ ဟာဗေးမုန်တိုင်းကြောင့် သက်ကြီးရွယ်အို ညီအစ်မတစ်ဦး သေဆုံးသွားကြောင်း ဝမ်းနည်းစွာ အတည်ပြုလိုက်ရပါတယ်။

နယူးယောက်။ ဟာဗေးမုန်တိုင်းဟာ ၂၀၁၇၊ ဩဂုတ် ၂၅၊ သောကြာနေ့မှာ အဆင့် ၄ ရှိတဲ့ မုန်တိုင်းအဖြစ် တက္ကဆက်၊ ရော့ခ်ပေါ့ပင်လယ်ဆိပ်ကမ်းမြို့ကို တိုတ်ခတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားနည်းသွားပေမဲ့ ဩဂုတ် ၃၀၊ ဗုဒ္ဓဟူးနေ့အထိ တက္ကဆက်တောင်ပိုင်းကို ဆက်လက်တိုက်ခတ်သွားတယ်။ အမေရိကန်ဌာနခွဲရုံးက မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေရဲ့ ကနဦးသတင်းတွေ ရရှိထားပါတယ်။

ဟာဗေးမုန်တိုင်း တိုက်ခတ်ရာဒေသတွေမှာ သက်သေခံ ၈၄,၀၀၀ ခန့် နေထိုင်ကြတယ်။ ကိုးဦး ထိခိုက်ဒဏ်ရာ ရပြီး ငါးဦး ဆေးရုံတင်ရပေမဲ့ ညီအစ်ကို/မတွေ သေဆုံးတာ မရှိပါဘူး။ သက်သေခံ ၅,၅၆၆ ဦးဟာ အိမ်တွေကနေ စွန့်ခွာကြရပါတယ်။ မုန်တိုင်းကြောင့် ညီအစ်ကိုတွေရဲ့ အိမ် ၄၇၅ လုံး အကြီးအကျယ် ပျက်စီးသွားတဲ့အပြင် အိမ် ၁,၁၈၂ လုံး အနည်းငယ် ထိခိုက်ပျက်စီးသွားပါတယ်။

ဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အော်စတင်၊ ဒါးလားစ်၊ ဆန်အန်တိုနီယိုဒေသရှိ တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ အကူအညီနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီမြို့ကြီးတွေက ညီအစ်ကိုရာနဲ့ချီက ဟျူစတန်နဲ့ တက္ကဆက်ကမ်းရိုးတန်းဒေသကနေ ထွက်ခွာလာတဲ့ သက်သေခံတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးထားကြပါတယ်။ တခြားသူတွေကလည်း လိုအပ်တဲ့သူတွေအတွက် အစာရေစာ၊ ထောက်ပံ့ရေးပစ္စည်း တန် ၃၀၀ နီးပါး လှူဒါန်းခဲ့ကြပါပြီ။​—ပညာအလိမ္မာ ၃:၂၇။ ဟီဘရူး ၁၃:​၁၊ ၂

အသင်းတော်အားလုံး ခရစ်ယာန်လုပ်ငန်းဆောင်တာတွေကို ပြန်လည်စတင်နေကြပြီလို့ တိုက်နယ်ကြီးကြပ်မှူးတွေက သတင်းပို့ပါတယ်။ အမေရိကန်ဌာနခွဲ ကော်မတီဝင်တွေကလည်း အားပေးနှစ်သိမ့်နိုင်အောင် ဘေးသင့်ဒေသတွေကို လည်ပတ်ဖို့ စီစဉ်နေကြပါတယ်။

“ဟာဗေးမုန်တိုင်း ဘေးသင့်သူအားလုံးအတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒီသဘာဝဘေးအတွက် စေတနာ့ဝန်ထမ်း ကူညီပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေအတွက် အထူး ဆုတောင်းပေးနေကြပါတယ်။ ယေဟောဝါဘုရားရဲ့ မေတ္တာပါ ကူညီထောက်မမှုကို ယုံကြည်နေကြဖို့လည်း တိုက်တွန်းပါတယ်” လို့ ယေဟောဝါသက်သေများရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အေ. ဆီမိုနီယန်က ပြောပါတယ်။​—ဆာလံ ၅၅:​၈၊ ၂၂။ ဟေရှာယ ၃၃:၂။ ၄၀:၁၁

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000