စက်တင်ဘာ ၁၊ ၂၀၁၇
အမေရိကန်
ဘရွတ်ကလင်က လူနေတိုက်ခန်း နှစ်ခုကို ယေဟောဝါသက်သေတွေ အပြီးရောင်းလိုက်ပါပြီ
၂၀၁၇၊ သြဂုတ်လ ၃၁ ရက်မှာ အမှတ် ၉၇၊ ကိုလံဘီယာဟိုက်ကို အပြီးရောင်းလိုက်ပါပြီ။ စတုရန်းပေ ၈၈,၆၁၀ ရှိတဲ့ ဒီအဆောက်အဦကို ယေဟောဝါသက်သေများရဲ့ ဌာနချုပ်မှာ အမှုဆောင်နေသူတွေရဲ့ လူနေခန်းအဖြစ် နှစ်ပေါင်း ၃၀ကျော် အသုံးပြုခဲ့ပါတယ်။ အရင်တုန်းက ဟိုတယ် မာဂရက် ဖြစ်ခဲ့ပြီး အရှေ့မြစ်နဲ့ မန်ဟက်တန် မိုးမျှော်တိုက်တွေကို မြင်ရလို့ နာမည်ကြီးတဲ့နေရာပါ။ ဘရွတ်ကလင်ဟိုက်ရဲ့ သာယာလှပတဲ့ သမိုင်းဝင်ရပ်ကွက်အတွင်း တည်ရှိပြီး အမိုးမှာ သီးသန့် ဝရန်တာ ပါရှိတယ်။ အမှတ် ၁၁၉၊ ကိုလံဘီယာဟိုက်မှာရှိတဲ့ လူနေတိုက်ခန်းကိုလည်း ၂၀၁၇၊ သြဂုတ်လ ၁၁ ရက်တုန်းက အရောင်းအဝယ် ပိတ်ခဲ့တယ်။
အခု ယေဟောဝါသက်သေများရဲ့ ဌာနချုပ်ဟာ ဝေါဝစ်၊ နယူးယောက်မှာ တည်ရှိပါတယ်။
Media Contact:
David A. Semonian, Office of Public Information, +1-845-524-3000