ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။
သမ္မာကျမ်းစာဖြေဆိုရာ
ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းလာပါလိမ့်မယ်။ ဒါပေမဲ့ လူ့ကြိုးစားအားထုတ်မှုကြောင့်တော့ မဟုတ်ဘူး။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖြစ်လာမယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်မှာအခြေစိုက်တဲ့အစိုးရဖြစ်ပြီး အုပ်ချုပ်သူက ခရစ်တော်ယေရှုဖြစ်တယ်။ ဒီအံ့ဖွယ်မျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲဆိုတာ သတိပြုကြည့်ပါ။
၁။ ဘုရားသခင်က “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ” မယ်။ “မြေကြီးပေါ်၌လည်း ဘုရားသခင်၏မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ” ဆိုတဲ့ကတိတော်ကို ပြည့်စုံစေမယ်။—ဆာလံ ၄၆:၉၊ လုကာ ၂:၁၄။
၂။ ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်ကနေ တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ်။ (ဒံယေလ ၇:၁၄) တစ်ကမ္ဘာလုံးကို အုပ်ချုပ်တဲ့အစိုးရဖြစ်တဲ့အတွက် ပဋိပက္ခတွေဖြစ်ရတဲ့အကြောင်းရင်းဖြစ်တဲ့ နိုင်ငံချစ်စိတ်ဆိုတာကို အမြစ်ပါမကျန် ဖယ်ရှားပစ်မှာဖြစ်တယ်။
၃။ ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်စိုးရှင်ဖြစ်တဲ့ ယေရှုကို “ငြိမ်သက်ခြင်းအရှင်” လို့ခေါ်ထားတယ်။ ယေရှုဟာ ငြိမ်းချမ်းရေးကို အမြဲတမ်းရှိစေမှာဖြစ်တယ်။—ဟေရှာယ ၉:၆၊ ၇။
၄။ ဆက်ပြီးတိုက်ခိုက်နေဖို့ ဆုံးဖြတ်ထားသူတွေကို ဘုရားသခင့်နိုင်ငံတော်က လက်ခံမှာမဟုတ်ဘူး။ ဘုရားသခင်က “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်း” တဲ့အတွက်ဖြစ်တယ်။—ဆာလံ ၁၁:၅၊ သမ၊ သုတ္တံ ၂:၂၂။
၅။ ဘုရားသခင်က မိမိလက်အောက်ခံတွေကို ငြိမ်းချမ်းစွာ ဘယ်လိုနေရမလဲဆိုတာ သင်ပေးတယ်။ ကိုယ်တော့်သွန်သင်ချက်တွေရဲ့ရလဒ်ကို သမ္မာကျမ်းစာက ခုလိုဖော်ပြတယ်– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၃၊ ၄။
ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ ငြိမ်းချမ်းစွာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဘုရားသခင်ဆီက သင်ယူနေကြပါတယ်။ (မဿဲ ၅:၉) ကျွန်ုပ်တို့က လူမျိုးအမျိုးမျိုးဖြစ်ပြီး နိုင်ငံနဲ့ နယ်မြေပေါင်း ၂၃၀ ကျော်မှာနေထိုင်ကြပေမဲ့ ကျွန်ုပ်တို့ထဲက ဘယ်သူကမှ လူလူချင်းတိုက်ခိုက်ဖို့ လက်နက်မကိုင်ကြဘူး။
ငြိမ်းချမ်းရေးလမ်းစဉ်ကို ယေဟောဝါသက်သေတွေ ဒီနေ့အချိန်မှာ သင်ယူနေကြပါတယ်။