ဘုရားသခင့်နာမည်က ယေရှုလား။
သမ္မာကျမ်းစာဖြေဆိုရာ
ယေရှုက ကိုယ့်ကိုယ်ကိုယ် “ဘုရားသခင်၏သားတော်” လို့ ပြောတယ်။ (ယောဟန် ၁၀:၃၆၊ ၁၁:၄) မိမိဟာ အနန္တတန်ခိုးရှင်ဖြစ်တယ်လို့ တစ်ခါမှမဖော်ပြခဲ့ဘူး။
အဲဒီအပြင် ယေရှုက ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ (မဿဲ ၂၆:၃၉) နောက်လိုက်တွေကို ဘယ်လိုဆုတောင်းရမလဲလို့ သင်ပေးတဲ့အခါမှာလည်း ယေရှု ခုလိုပြောခဲ့တယ်– “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။”—မဿဲ ၆:၉။
ယေရှုက ဟေဗြဲကျမ်းစောင်တစ်ခုကို ကိုးကားတဲ့အခါ ဘုရားသခင့်နာမည်ကို ခုလိုဖော်ပြခဲ့တယ်– “အို၊ အစ္စရေးလူမျိုး၊ နားထောင်လော့။ ယေဟောဝါသည် ငါတို့၏ ဘုရားသခင်ဖြစ်တော်မူ၍ ယေဟောဝါဘုရား တစ်ဆူတည်း ရှိတော်မူ၏။”—မာကု ၁၂:၂၉၊ တရားဟောရာ ၆:၄။