မာတိကာဆီ ကျော်သွား

လိင်တူချင်း အိမ်ထောင်ပြုတာကို သမ္မာကျမ်းစာက ဘာပြောသလဲ။

လိင်တူချင်း အိမ်ထောင်ပြုတာကို သမ္မာကျမ်းစာက ဘာပြောသလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

 ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်က အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူ့အစိုးရတွေမထုတ်ခင် ကြာမြင့်စွာကတည်းက ထုတ်ဆင့်ခဲ့တယ်။ သမ္မာကျမ်းစာရဲ့ ဦးဆုံးကျမ်းစောင်မှာ ခုလိုပြောတယ်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၄) အဘိဓာန်တစ်အုပ် (Vine’s Expository Dictionary of Biblical Words) က “ခင်ပွန်း” ဆိုတဲ့ ဟေဗြဲစကားလုံးဟာ “လူ့အမျိုးသမီးဆိုတဲ့ အနက်ရှိတယ်” လို့ဆိုတယ်။ ဇနီးမောင်နှံအဖြစ် ပေါင်းဖက်သူတွေက “ယောက်ျား နှင့် မိန်းမ” ပဲဖြစ်ရမယ်ဆိုတာကို ယေရှု အတည်ပြုပြောဆိုခဲ့တယ်။—မဿဲ ၁၉:၄

 ဒါကြောင့် အိမ်ထောင်ဆိုတာ ယောက်ျား တစ်ဦးနဲ့ မိန်းမတစ်ဦးရဲ့ အထူးချစ်ခင်ရင်းနှီးမှုဖြစ်ပြီး တည်မြဲတဲ့အစီအစဉ်ဖြစ်ဖို့ ဘုရားသခင် ရည်ရွယ်ထားတယ်။ ယောက်ျားနဲ့မိန်းမကို တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဖြည့်ဖက်အဖြစ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လိင်ဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ကလေးတွေကို ထောက်ပံ့ဖို့ ဘုရားသခင်ဖန်ဆင်းခဲ့တယ်။